ချင်းတောင်ဒေသတွင် ကော်ဖီပင်ပြန်လည်စိုက်ပျိုးခြင်းကို အချင်းချင်းချိတ်ဆက် ဆက်သွယ်ခြင်း၊ အမြင်ချင်းဖလှယ်ခြင်း၊ စုပေါင်းလုပ်ဆောင်တတ်ခြင်းစသည်တို့၏ အနှစ်သာရကို ဖော်ဆောင်ရင်း အမျိုးသားရေးလုပ်ရှားမှုအဖြစ် ဖော်ဆောင်မည်။
ကော်ဖီစိုက်ပျိုးခြင်းဖြင့် ရေရှည်တည်တံ့သော မိသားစုဝင်ငွေကို ရရှိမည်သာမက မိုးခေါ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရန် သစ်ပင်ကြီးများကို စိုက်ပျိုးစေမည်။
ဒေသခံရွာသားများ၏ အကျိုးစီးပွားကို ကာကွယ်ထောက်ပံ့ပေးနိုင်ရန် မြေကိုရောင်းဝယ်ခြင်းမပြုဘဲ နှစ်ရှည်မြေအငှားစိုက်ပျိုးသည့်စနစ်ကို အသုံးပြုမည်။
နိုင်ငံအသီးသီးသို့ ရောက်နေသော ချင်းလူမျိုးများမှ ငွေကြေးအနည်းငယ်ဖြင့် အရင်းနှီးထည့်ဝင်နိုင်ရန်စီမံမည်။ ရင်းနှီးမြှုပ်နှံသူ၊ မြေပိုင်တောင်သူများနှင့် လက်တွေ့အကောင်အထည်ဖော်သူများကို ဥပဒေအားဖြင့်လည်းကောင်း၊ အပြန်အလှန်နားလည်မှုဖြင့်လည်းကောင်း အာမခံမှု ပေးနိုင်ရမည်။
ထွက်ကုန်များကို ကုန်ကြမ်းအဖြစ်ထုတ်ရောင်းခြင်းမျိုးကို ရှောင်ရှားပြီး အသင့်စားသုံးနိုင်မည့် ကုန်ချောအဖြစ်သာ ထုတ်လုပ်ရောင်းချနိုင်ရန် ကြိုးစားမည်။ ထုတ်လုပ်သည့်အပိုင်းတွင်လည်း ဒေသအလိုက် အုပ်စုများဖွဲ့၍ တူရာလုပ်ငန်းများ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် အချင်းချင်းယဉ်ပြိုင်တိုက်ခိုက်မှုများကို ရှောင်ရှားကာ တစ်ယောက်ကိုတစ်ယောက် အထောက်အပံ့ဖြစ်သော စုပေါင်းစီးပွားရေး အဆောက်အအုံကို ဖော်ဆောင်မည်။
ရောင်းဝယ်မှုတွင်လည်း အဖွဲ့လိုက် စုပေါင်းဆုံးဖြတ်မှု ပုံစံဖြင့်ဈေးနုန်းနှင့် အရည်အသွေးကို ထိန်းနိုင်မည်ဖြစ်သည်။ နိုင်ငံခြားရှိ ချင်းလူမျိုးများမှ လက်လီလက်ကား ရောင်းဝယ်နိုင်အောင် စီစဉ်ခြင်းဖြင့် စိုက်ပျိုးထုတ်ကုန်၏အမြင့်ဆုံး တန်ဖိုးကို အားလုံးမှ ရယူခံစားနိုင်မည်ဖြစ်သည်။
ပြည်တွင်း၌ ချင်းတောင်ထွက် အမှတ်တရပစ္စည်းအဖြစ်ရောင်းရန်၊ ကိုယ်တိုင်ဖွင့်လှစ်သော ဆိုင်များကိုထောက်ပံ့ရန်၊ လက်ဆောင်ပစ္စည်းအဖြစ်ပေးရန်အတွက် ရောင်းရန်၊ နိုင်ငံခြားရောက် ချင်းလူမျိုးများမှ မိမိဒေသထွက်ထုတ်ကုန်အဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန် အားပေးကူညီဆောင်ရွက်စေမည်။
Mater Plan
ကော်ဖီစိုက်ပျိုးဖြစ်ထွန်းသော ချင်းပြည်နယ်ရှိဒေသများသည် နောင်နှစ် ၅၀ တွင် ကော်ဖီကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်စေမည်။ ကော်ဖီစိုက်ခင်းမှ စိုက်ပျိုးရေးကိုအခြေခံသော ခရီးသွားလုပ်ငန်းဖြစ်ထွန်းလာစေရန် စိုက်ခင်းနေရာ၊ လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် ရှုခင်းစသည်များဖြင့် ခရီးသွားများကိုဆွဲဆောင်နိုင်ရန် ထည့်သွင်းစဉ်းစားရမည်။ အရင်းအနှီးများ အလေအလွင့်မရှိစေရန် စိတ်တူရာ လုပ်ငန်းစုများဖွဲ့၍ လက်တွဲဆောင်ရွက်ခြင်းဖြင့် အားကောင်းသော စီးပွားရေးအဆောက်အအုံ ဖြစ်ပေါ်လာစေရမည်။
လုပ်ဆောင်ရန် လုပ်ငန်းအဆင့်ဆင့်
* မျိုးကောင်းကော်ဖီ ပျိုးပင်များဖြန့်ချီခြင်း
* မျိုးဟောင်းများဖယ်ရှားခြင်း
* ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ခင်းသို့
* တစ်ပိုင်တနိုင်ထုတ်လုပ်ရေးမှ စုပေါင်းထုတ်လုပ်ရေးသို့
Strategy
ဥယျဉ်ခြံစိုက်ပျိုးခြင်းကို အခြေခံ၍ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မည်။ အပင်အရေအတွက်နှင့် စိုက်ဧကအပေါ်အခြေမခံပဲ အရည်အသွေးပြည့် အားကောင်းသော အပင်များစိုက်ပျိုးခြင်းကို အားပေးမည်။ ကော်ဖီပင်နှင့်တွဲစိုက်နိုင်သော တန်ဖိုးမြင့်အပင်များကို ပူတွဲစိုက်ပျိုးမည်။
Tactic
အမျိုးကောင်း၍ သေချာသော ပျိုးပင်ကိုရွေးချယ်စိုက်ပျိုးစေမည်။ တခြားမျိုးကွဲများနှင့်ရောနှော စိုက်ပျိုးခြင်းကို ရှောင်ရှားရမည်။ သြဂဲနစ်သီးနှံများဖြစ်စေရန် ဘေးပတ်ဝန်းကျင်မှ တခြားတောင်သူများနှင့် စုပေါင်းတိုင်ပင် စိုက်ပျိုးခြင်းကို အားပေးမည်။
ကျေးဇူးတင်ပါတယ်။ Michael Suantak
CEO/Co-Founder SAVORY Social Enterprise Khaikam Road, Ward 1, Khaikam Town, Chin State, Myanmar Email: This email address is being protected from spambots. You need JavaScript enabled to view it. Phone: +95 94498 17600 Facebook@SAVORYenterprise Website: www.SAVORY.chinhillscoffee.net
Chin Hills Coffee အကြောင်းပါဝင်ဆွေးနွေးရန် - https://facebook.com/groups/chinhillscoffee Facebook မှ တဆင့်ဆက်သွယ်ရန် - https://facebook.com/SAVORYenterprise Website ကိုလေ့လာရန် - www.SAVORY.chinhillscoffee.net
#SAVORY #ChinHillsCoffee #SocialEnterprise